နတ်တော်
ရာသီ။ ။ ဓနု (Saggitarius)
ပန်း။ ။ သဇင် (Bulbophyllum auricomum)
ပွဲတော်။ ။ နတ်ပွဲ
နက္ခတ်။ ။ မိဂသီ၊ အဒြ
နေထွက်။ ။ 6:48 am
နေဝင်။ ။ 5:12 pm
၁၂ လရာသီမိုး
နတ်တော်ရောက်ငြား၊
မိုးသားမငြိမ်၊
ဆင်ရာတိမ်။
ငွေနှင်းငယ်တဲ့ မှုန်ဝေဝေ။
ပျံ့မွှေးခိုင်သဇင်နှင့်
ဂမုန်းအင် ပန်တော်ဦးကြတယ်
ထူးတဲ့လပေ။
မိဂသီ ပုဏ္ဏာလင်းပါလို့
ရွှေဟင်္သာ့ တာရာငွေလို
ဖြာဖြာဝေလျက် စံကွန့်မြူး။
ပဏ္ဏာတင်
ပိန္နဲမဟာရှင်၏
ခါသဘင် ပျော်ရွှင်ပွဲမှာလ
ဖော်ကွဲသူ မကြည်သာဖို့
ရထည်လွှာ ခြုံလို့ကွေးရတယ်
အေးတဲ့လထူး။
(မဟာဂီတ ဦးပြုံးချို)
ရှစ်ခွင်ကို မြူဆင်လို့
ငွေနှင်းတဲ့ နုစို။
ဂမုန်း သဇင်တို့၊
စုံခွင်မှာ လေချိုညှင်းက။
သုတ်သွင်း ဘယ်ညာနှံ့၊
သင်းပျံ့ပျံ့ချို။
ယုဂန္ဓိုရ်၊ တောင်မိုထိပ်ဖျား၊
ရွှေလ စန္ဒီနှင့်၊
ဓိပထီ ရောင်ခြည်ဖျန်းတယ်၊
မြန်းတူကြွသွား။
(ဖိုးသူတော်ဦးမင်း)
Haze falls in the eight regions,
the silver mist is fresh and moist.
As the breeze gently blows in the woods,
tulips and orchids
have their scents wafted
left and right.
At the top of the high mountain
Yugandhara
Candi the golden moon
and Orionis, sprinkling their rays,
march together.
(Saya Maung Thar Noe)