မြန်မာပြက္ခဒိန် - ရာသီဖွဲ့များ

တန်ခူး | ကဆုန် | နယုန် | ဝါဆို | ဝါခေါင် | တော်သလင်း | သီတင်းကျွတ် | တန်ဆောင်မုန်း | နတ်တော် | ပြာသို | တပို့တွဲ | တပေါင်း

ကဆုန်


ရာသီ။ ။ ပြိဿ (Taurus)
ပန်း။ ။ စံကား (champac)
ပွဲတော်။ ။ ညောင်ရေသွန်း ပွဲ
နက္ခတ်။ ။ ဝိသာခါ၊ အနုရာဓ
နေထွက်။ ။ 5:36 am
နေဝင်။ ။ 6:24 pm


၁၂ လရာသီမိုး


ကဆုန်အတွင်း၊
မြေသင်းပျံ့ပျံ့၊
မိုးနှံ့နှံ့။


တော်ကဆုန်


ဟေမန် နွေလှန်လို့တုံ့ပြန်တော့၊
ဘွေသဟံ ဝေယန်အုံ့ဆီက
လေပြန်လှုံ့ဆော်ခဲ့ပြီ။
ပင်ပေါ်ထက်၊ ရော်ရွက်ဝါထိန်ဝေနှင့်၊
ခါဂိမှေ သည်တခေတ်တွင်မှ၊
ညှာလိမ်ကြွေ တမည်သစ် မည်ကြောင့်၊
အသစ်တွေထွေကာစုပါလို့၊
ပုရစ်ခွေ တမာနုမှာကွယ်၊
ကျေးဥစီစီ။
ခင်တန်း လျှိုသပြေပင်က၊
ရွှေသဇင်သုတ်လေနှောပြန်တော့၊
နေဝင်လျှင် ဘုတ်တွေရောပါလို့၊
အုတ်ရွှေသြရယ်က တွန်သံချီ၊
ဌာနီနှင့် ကွာဝေး။
ဖန်ခါခါ၊ လမ္ဗရာစည် ဍိဏ္ဍိပေမို့၊
ဝသန်မှာ ဆည်မချိပြီဘူ့၊
ပူမိသည်မှော်ရဂုံက၊
တော်ကဆုန် ညောင်ရေသွန်းချိန်မို့၊
ဖေါ်မစုံအောင် မြေကွန်ဆီသို့၊
လွမ်းလိုက်လှသေး။
(ဦးကြော့)


ပေါ်နွေလလျှင်
တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်
ပျံ့ပူးချုပ်ဆိုင်း
မုန်တိုင်း ဆင်လို
တိမ်ညို မှိုင်းထပ်
ပြက်လျှပ်ပြကာ
စိမ်းဝါ မိုးပန်း
ထွေထွေစွန်းက
ရေသွန်းသာကြည်
ပျော်ရမည်ကို
(နတ်သျှင်နောင်)


နေနန်းရယ်တဲ့ ဖန်သူရိန်။
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြပူရှိန်။
ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ့စွဲ။
ပန်းစံကားဝါ
နန်းဘမယာ ကေသီဆင်လို့
ရွှေပြည်ခွင် ဗိုလ်ပါ ပေါင်းရယ်တို့
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်းကြတယ်
လွမ်းစရာ့ပွဲ။
(မဟာဂီတ ဦးပြုံးချို)


စကားဝါငုံ သင်းလို့၊
ကြယ်မင်းတဲ့ ဝိသာခါ၊
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း၊
ထွန်းတဲ့ချိန်ခါ၊
စုံကန္တာ၊ ဟေမာမြိုင်ထဲ
ရွှေကျေး ပျံသင်လို့၊
စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊
မြူးကြစမြဲ။
(ဖိုးသူတော်ဦးမင်း)


The yellow champac buds are fragrant.
Alpha Libra, the king of stars,
shines amid the clouds
in brilliant rays.
In wood and jungle
golden parakeets learn to fly,
Joyously flitting from tree to tree,
They play merrily.
(Saya Maung Thar Noe)



< အရင်လ နောက်လ >

မြန်မာပြက္ခဒိန်