မြန်မာပြက္ခဒိန် - ရာသီဖွဲ့များ

တန်ခူး | ကဆုန် | နယုန် | ဝါဆို | ဝါခေါင် | တော်သလင်း | သီတင်းကျွတ် | တန်ဆောင်မုန်း | နတ်တော် | ပြာသို | တပို့တွဲ | တပေါင်း

သီတင်းကျွတ်

ရာသီ။ ။ တူ (Libra)
ပန်း။ ။ ကြာ (water-lily, lotus)
ပွဲတော်။ ။ မီးထွန်း ပွဲ
နက္ခတ်။ ။ ရေဝတီ၊ အသဝနီ၊ ဘရဏီ
နေထွက်။ ။ 6:00 am
နေဝင်။ ။ 6:00 pm


၁၂ လရာသီမိုး

သီတင်းကျွတ်တွင်၊
ပလ္လင်ဆေးမိုး၊
ရွာသွန်းဖြိုး။


ဆီမီးငယ်တဲ့ ထိန်ထိန်။
အိုင်မင်း ရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။
အသဝနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သက္ကစ္စံ မဏာမေဖြင့်
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်ကို နှိုးကြတယ်
မျိုးမြန်မာ့တိုင်း။
(မဟာဂီတ ဦးပြုံးချို)


ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦး မှာလ၊
ကွန့်မြူးမြင့်မိုရ်မီး၊
ညီးတဲ့ခါချိန်။
ရှိခိုးငယ်နှိမ်၊
သုံးကြိုင်ရိုပျောင်း၊
သက္ကစ္စဂါရဝါနှင့်၊
စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။
(ဖိုးသူတော်ဦးမင်း)


The five lotuses are fragrant.
Bright lights burn.
At the top of the golden Palace Mountain
Myinmou lights blaze.
Season of lights.
Heads lower
three times in reverence.
The traditional ceremony of
Homage to the Aged
is held throughout the land.
(Saya Maung Thar Noe)



< အရင်လ နောက်လ >

မြန်မာပြက္ခဒိန်