တန်ဆောင်မုန်း
ရာသီ။ ။ ဗြိစ္ဆာ (Scorpio)
ပန်း။ ။ ခဝဲ (Luffa: ridged gourd)
ပွဲတော်။ ။ ကထိန် ပွဲ
နက္ခတ်။ ။ ကြတ္တိကာ၊ ရောဟဏီ
နေထွက်။ ။ 6:24 am
နေဝင်။ ။ 5:36 pm
၁၂ လရာသီမိုး
တန်ဆောင်မုန်းတွင်း၊
ဆီးနှင်းတပြိုက်၊
မိုးတလိုက်။
ငွေစန်းရယ်တဲ့ ပုဏ္ဏမီ။
ရွှေကျီးညို တာရာနှင့်
ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်
ချမ်းစ ရာသီ။
လှူကထိန် ခါတော်ပွဲငယ်နှင့်
ခဝဲပွင့် ဝါစီစီ
သာကြည်လဲ့ မြူရှင်း။
လတန်ဆောင်မှာ
ကြွပြောင်ပြောင် အသရေတင့် ပါဘိ
ရွှေမြင်းမိုရ် ဝါထိန်ထိန်နှင့်
ခါအချိန် မြောက်လေသွေးတယ်
အေးတဲ့ငွေနှင်း။
(မဟာဂီတ ဦးပြုံးချို)
လှူကထိန် သင်္ကန်းနှင့်၊
မဂ်လမ်းတဲ့ ဆုပန်ရွယ်။
သည်ချိန်ကို ဝတ်မှုံကြဲလို့၊
ခဝဲရွှေညှာရင်းမှာ၊ သင်းရနံ့ကြွယ်။
ကောင်းကင်လယ်၊
ထက်ဝယ်ဘုံဦး၊
ရွှေလစန္ဒာနှင့်၊
ကြတ္တိကာ ကြယ်ရောင်စွန်းတယ်၊
ထွန်းထိန်လို့မြူး။
(ဖိုးသူတော်ဦးမင်း)
Yellow robes for
kathina offering,
the reward of the Path is the aim.
At this time, scattering the pollins,
the luffa at the end of its gold stem
is rich in fragrance.
Amid the sky
in heavens above
the golden moon Canda
and the brilliant star Pleiades
shine merrily.
(Saya Maung Thar Noe)