ဝါဆို
ရာသီ။ ။ ကရကဋ် (Cancer)
ပန်း။ ။ ပုန်းညက် (Alexandrian laurel)
ပွဲတော်။ ။ ပဉ္စင်းတော်ခံ ပွဲ
နက္ခတ်။ ။ ပြုဗ္ဗာသာဠ်၊ ဥတ္တရာသာဠ်
နေထွက်။ ။ 4:48 am
နေဝင်။ ။ 7:12 pm
၁၂ လရာသီမိုး
ဝါဆိုလပြောင်း၊
မိကျောင်းဖွေးဖွေး၊
မိုးဧဧ။
သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက် လဝါဆို။
သပြေသီးကောက်
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျော့နက်မည်းကြီး တွယ်တတ်တယ်။
မျော့နက်ဆိုတာ ချိုနဲ့လားကွဲ့၊
မြွေနဂါးတောင် ကြောက်ဖူးကွယ်။
တို့လည်းကြောက်ပေါင် အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်
သွားကွယ်၊ သွားကွယ်။
(မင်းသုဝဏ်)
အုံ့မှိုင်းငယ်တဲ့ နယ်ရှစ်ခွင်။
ငွေစန်း အာသဠီနှင့်
ယှဉ်ကာမှီ ပုဏ္ဏာပြည့်တယ်
ထွန်းသည့်ဝေဟင်။
နဘန်မှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။
ပဉ္စင်း တော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။
(မဟာဂီတ ဦးပြုံးချို)
ပြုနိဗ္ဗာန်သန်ကြယ် ထွန်းလို့၊
လဝန်းတဲ့ သော်တာ။
သည်ချိန်ကို ယုဂန်ဖျားက၊
နှစ်ပါးရောင်ခြည်ဆိုက်၊
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ။
ညှာတံက ငုံဖူး၊
ပုန်းညက်ကယ်ခိုင်ပင်မင်းက
သင်းပျံ့ပျံ့ကြူး။
(ဖိုးသူတော်ဦးမင်း)
The stars Delta Sagittarii shine
and so does the disc of the moon.
This time, at Yugan's top,
the rays of the two converge.
They are so bright.
Its scent abroad,
its buds just out on the stems,
the fragrant Callophyllum, king of the flower plants,
spreads its sweetness.
(Saya Maung Thar Noe)