မြန်မာပြက္ခဒိန် - ရာသီဖွဲ့များ

တန်ခူး | ကဆုန် | နယုန် | ဝါဆို | ဝါခေါင် | တော်သလင်း | သီတင်းကျွတ် | တန်ဆောင်မုန်း | နတ်တော် | ပြာသို | တပို့တွဲ | တပေါင်း

တော်သလင်း

ရာသီ။ ။ ကန် (Virgo)
ပန်း။ ။ ရင်းမာ (Chukrassia tabularis)
​ပွဲတော်။ ။ လှေပြိုင် ပွဲ
နက္ခတ်။ ။ သတဗိသျှ၊ ဘဒြ (ပြုဗ္ဗာဘဒြပိုဒ်၊ ဥတ္တရဘဒြပိုဒ်)
နေထွက်။ ။ 5:36 am
နေဝင်။ ။ 6:24 pm


၁၂ လရာသီမိုး

​တော်သလင်းတိမ်ညို၊
စဖိုသည်ဆင်းရဲ၊
မိုးမစဲ။


သစ်ဆင်းရယ်တဲ့ လမာသာ။
မြစ်လုံးငယ် ဆူညံလို့
လှော်တက်သံ လှေပြိုင်ပွဲငယ်
နွှဲပျော်ကြရှာ။
ယုန်ရထား အိမ် သီတလမှာတဲ့
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့
မည်ဘဒြ ကြယ်ပြုဗ္ဗာ
ယှဉ်လာ၍ ပြည့်ဝန်း။
ဒွါဒရာ
ငှက်ဗျိုင်းတာရာနှင့်
ရွှေရင်းမာ ငုံပွင့်ကင်းကြတယ်
သင်းတဲ့ သည်ပန်း။
(မဟာဂီတ ဦးပြုံးချို)


ကန်ရာသီ ချိန်တွင်းမို့၊
ရွှေယင်းတဲ့မာငုံ။
မြိုင်ဟေမာ သာနန်းက၊
သုတ်ဖျန်းလေယူဖြန့်၊
သင်းပျံ့ပျံ့ထုံ။
တိမ်စွန်ဘုံ၊ ရောင်စုံလျှံပ။
လမင်းသော်တာနှင့်၊
အဗဒ္ဓါဆို ရွှေကျီးငယ်၊
နီးသည့် ကာလ။
(ဖိုးသူတော်ဦးမင်း)


The season of Virgo,
when the golden Yinma is in bud.
The sweeping wind wafts
sweet odours
from the pleasant woodland
In heavens above the clouds
brilliant lights.
The king moon and
the blazing Square
are near each other.
(Saya Maung Thar Noe)



< အရင်လ နောက်လ >

မြန်မာပြက္ခဒိန်