မြန်မာပြက္ခဒိန် - ရာသီဖွဲ့များ

တန်ခူး | ကဆုန် | နယုန် | ဝါဆို | ဝါခေါင် | တော်သလင်း | သီတင်းကျွတ် | တန်ဆောင်မုန်း | နတ်တော် | ပြာသို | တပို့တွဲ | တပေါင်း

ပြာသို

ရာသီ။ ။ မကာရ (Capricornus)
ပန်း။ ။ ခွာညို (Clematis)
ပွဲတော်။ ။ မြင်းခင်း ပွဲ
နက္ခတ်။ ။ ပုဏ္ဏဗသု၊ ဖုသျှ
နေထွက်။ ။ 7:12 am
နေဝင်။ ။ 4:48 pm


၁၂ လရာသီမိုး

ပြာသိုချမ်းပြင်း၊
ဆီးနှင်းရောယှက်၊
နှံးပုံဖျက်။


အာဒိစ္စရယ်တဲ့ ဖန်သူရိန်။
ပြင်လမ်း သူခွာလို့
ဒက္ခိဏာ ယဉ်အစွန်းမှာ
ထွန်းတဲ့ ခါချိန်။
ပြာသိုမှာ ဖြာစိုနှင်းရယ်နှင့်
ခါအလို ခွာညိုသင်းပါဘိ
မြင်းခင်းမြတ် တော်သဘင်မှာ
ပျော်ရွှင်ကြ ပြည်လုံး။
ပုဏ္ဏမာ
ဖုသျှငယ် ယုန်စန္ဒာနှင့်
မှုန်ပြာပြာ ဝဠာတွင်းမှာလ
ငွေပုစွန်တာရာ လင်းတယ်
နှင်းမြူပိတ်ဖုံး။
(မဟာဂီတ ဦးပြုံးချို)


ငွေသော်တာ စန္ဒနှင့်၊
ဖုသျှတဲ့ လမ်းဆုံ။
တိမ်လွှာမှာ ရောင်ဝါကျင်းလို့၊
နှစ်မင်းတူပြိုင်ပ၊
မြန်းကြွခိုက်ကြုံ။
ဘရက်ဂုဏ်၊ မြိုင်စုံမြနန်း၊
နုစိမ်းစိုစိုနှင့်၊
ပန်းခွာညို ငုံတံထူးတယ်၊
ဖူးပွင့်ချက်ဆန်း။
(ဖိုးသူတော်ဦးမင်း)


The silver moon Canda and
the stars Cancri, fellow-travellers now,
spread their bright rays in the clouds,
shine brilliantly side by side,
and travel on.
Magnificent
the emerald forest palace.
Fresh, green and moist,
the Clematis buds strangely
and bloom forth wondrously.
(Saya Maung Thar Noe)



< အရင်လ နောက်လ >

မြန်မာပြက္ခဒိန်