နယုန်
ရာသီ။ ။ မေထုန် (Gemini)
ပန်း။ ။ စံပယ်၊ မုလေး(မြတ်လေး) (jasmine, Spanish jasmine)
ပွဲတော်။ ။ စာပလွေခင်း ပွဲ(စာပြန်ပွဲ)
နက္ခတ်။ ။ ဇေဋ္ဌ၊ မူလာ
နေထွက်။ ။ 5:12 am
နေဝင်။ ။ 6:48 pm
၁၂ လရာသီမိုး
နယုန်မိုးသေး၊
မြက်သားမွေး။
စံပယ်ပန်း
ပန်းစံပယ်၊
နန်းလယ်မပေါ်ခိုက်ဟာမို့၊
အလိုက်တော်တန်သင့်ရုံပ၊
ခံပွင့်ကိုကုံး။
နန်းရဝေ၊
မန်းမြေ စံပယ်လှိုင်တော့၊
ခံပန်းခိုင် ယာယီရွေ့တယ်၊
တောလေ့ရွာသုံး။
(ဦးပုည)
ရိုက်ချုန်းရယ်တဲ့ စည်ပုစွန်။
ငွေဝန်း စန္ဒာနှင့်
ကြယ်ဇေဋ္ဌာယှဉ်ကာပြည့်တယ်
ထွန်းသည့်ရောင်ဝှန်။
နွေနယုန် မေထုန်ရက်မှာလ
နဘေဘုံ ရေမှုန်တက်ပါလို့
လေဟုန်စက် ထိန့်ထိန့်လွန်
ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။
ခါပျော်ရန်
စာတော်ပြန် သဘင်ခန်းမှာလ
ဆင်မြန်းရန် ရဝေမယ်တို့
ငွေစံပယ် ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာ ကုံးဆင်ဖို့ ရွေးကြလိမ့်
မွှေးတဲ့လပဲ။
(မဟာဂီတ ဦးပြုံးချို)
ရွှေစာတော် ပြန်မေးလို့၊
မြတ်လေးတဲ့ စံပယ်။
မေထုန်ဆို ရာသီကူး၊
ပွင့်ဖူးဝတ်မှုံနံ့၊
သင်းပျံ့တော့တယ်။
ကောင်းကင်လယ်၊
ထက်ဝယ်ဘုံက၊
ဇေဌရွှေကြယ်မင်းငယ်၊
လင်းတဲ့ချိန်ပ။
(ဖိုးသူတော်ဦးမင်း)
Examinations in the Golden Books.
As the season changes to Gemini,
jasmine and mulei,
buds, blooms, and pollins,
strew their fragrance about.
Amid the sky,
in heavens high above,
the golden stor king Antares
is radiant.
(Saya Maung Thar Noe)