မြန်မာပြက္ခဒိန် - ရာသီဖွဲ့များ

တန်ခူး | ကဆုန် | နယုန် | ဝါဆို | ဝါခေါင် | တော်သလင်း | သီတင်းကျွတ် | တန်ဆောင်မုန်း | နတ်တော် | ပြာသို | တပို့တွဲ | တပေါင်း

ဝါခေါင်

ရာသီ။ ။ သိဟ် (Leo)
ပန်း။ ။ ခတ္တာ (Crinum amoenum)
ပွဲတော်။ ။ စာရေးတံမဲ ပွဲ
နက္ခတ်။ ။ သရဝဏ်၊ ဓနသိန္ဓိ
နေထွက်။ ။ 5:12 am
နေဝင်။ ။ 6:48 pm


၁၂ လရာသီမိုး

ဝါခေါင်တကြောင်း၊
ထနောင်းကျောင်ကျစ်၊
ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊
ရွာပါသော်လည်း၊ မိုးမသည်း။


လစန်းရယ်တဲ့ ငွေဘုံဆောင်။
ပြည့်ဝန်းကြယ် သရဝဏ်နှင့်
နယ်တဝှန် ရှစ်ခွင်တိုင်းမှာ
မှိုင်းရီလို့မှောင်။
ငွေတာရာ သိန္ဓာငယ်တို့
ဝေဟာမှာ အရှိန်ပြပါတဲ့
ချိန်သမယ လဝါခေါင်မှာ
ငွေသောင်မြစ် ပြည့်လျှမ်း။
ခတ္တာငုံ
ချပ်လွှာမှုံ တကြူကြူနှင့်
ပြည်နိဗ္ဗူ ပတ္ထနာသန်လို့
စာရေးတံ လှူတော်ပွဲကို
(အိုကွယ်) နွှဲပျော်ဖို့လှမ်း။
(မဟာဂီတ ဦးပြုံးချို)


ထက်အာကာဘုံစွန်းက၊
တောက်ထွန်းလို့ ထိန်ဝါ။
သရဝဏ် ရွှေကြယ်မင်း၊
လင်းတဲ့ချိန်ခါ။
လေညှင်းငယ်လာ၊ သိဟ်ရာသီမို့၊
ရှုတိုင်းငယ် ဘယ်ညာက၊
ပန်းခတ္တာ ဝတ်မှုံကျင်းတယ်၊
သင်းပျံ့လှိုင်လို့။
(ဖိုးသူတော်ဦးမင်း)


Splendour
from the edge of heavens above.
Altair, the golden king of stars,
shines brightly.
The breeze comes softly
in Leo's season.
Right, Left, wherever one looks,
land lilies with their pollins spread.
Fragrant all around.
(Saya Maung Thar Noe)



< အရင်လ နောက်လ >

မြန်မာပြက္ခဒိန်